https://msha.ke/kyonetaingentertainment
Guide followers to your most important links
01
နိဒါန်း..မိတ်ဆက်...
ဒီနေ့...ဒီစာကို ရေးရတာဟာ စိတ်ထဲက ဆာလောင်စိတ် ဖြစ်ပေါ်နေလို့ပါ။ ခေတ်တွေကို ဖြတ်သန်းခဲ့ပြီး ခေတ်နဲ့ လိုက်လျောညီထွေအောင် နေထိုင်ရင်း အတိတ်က နေထိုင်မှု ပုံစံတွေကို ပြန်ပြန် သတိရလာပါတယ်။
လူတွေ၊ ပတ်ဝန်းကျင်တွေ၊ နည်းပညာတွေဟာ ဆယ်စုနှစ်တခုမှာ တဆစ်ချိုးစီ ပြောင်းလဲနေကြပါတယ်။
သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်များဆီက...လူတွေရဲ့ ဘဝမှာ စာအုပ်ဖတ်တာကလဲ နေ့စဉ် အလုပ်ထဲမှာ ပါပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ဟာ လူမှန်းသိတတ်ပါပြီ။ ငယ်ငယ်က ဖျော်ဖြေရေးကဏ္ဍာမှာ စာအုပ်ဆိုင်လေးတွေဟာ အရေးပါပါတယ်။
အဲဒီ..အချိန်က ကလေး သဘာဝ ကာတွန်းတွေ ဖတ်ခဲ့ကြတာ လုပ်ရိုးလုပ်စဉ်တခုပါ။ ကျော်ဖြတ် ခဲ့ကြရပါတယ်။
စာအုပ်ထူထူကြီးတွေ၊ မဂ္ဂဇင်းတွေ၊ ဝတ္တုတွေကို ဖတ်ချင်စိတ် မရှိခဲ့သေးတဲ့ အချိန်ပါ။ ကာတွန်း စာအုပ်တွေသာလျှင် ကောက်ကိုင် ဖတ်ပါတယ်။ တခါတလေ စာအုပ် အိမ်ဌားပြီး ကြိုက်လွန်း၊ သဘောကျလွန်းရင် ၃ ရက်လောက် ကြာမှ ပြန်အပ်ပါတယ်။ ဌားစရာ မရှိရင် ဖတ်ပြီးသားလဲ ပြန်ဌား ဖတ်ကြပါတယ်...
ဒါကလဲ ကလေးဘဝက အရသာတမျိုးကိုး... ဒီတော့ ကာတွန်းစာအုပ်တွေဟာ ကလေးဘဝရဲ့ တစိတ်တပိုင်းကို လွှမ်းမိုးထားပါတယ်။
တွတ်ပီနဲ့ ကြုံတိုင်း....၊ ဂျောက်ဂျက်နဲ့ သူငယ်ချင်းတွေ...၊ ခါဥနဲ့ထွန်းခင်...၊ ဂျစ်တူး၊ ရွှေယမင်း၊ မုဆိုးဝိတ်ပေါ၊ မောင်ပေါ၊ မြေခွေးမှောင်မှောင်၊ လူပုလေး ၇ယောက်၊ အံ့ဖွယ်ညီနောင် ၄ ယောက်၊ ကွန်ဖူး ၃ ဖော်၊ ဒီရဲဂျာ၊ အဂ္ဂရာဇာ၊ ဘိုဘိုနဲ့အီးတီ...၊ နိုနိုနဲ့ ဒိုရာ...၊ လျှပ်စီးနဲ့ လုစီ...၊ ဖိုးလပြည့်၊ ဦးကပ်စေး၊ ဦးပြောင်ရှင်း၊ ကြာဇံ၊ ဖိုးဆိတ်ဖြူ၊ ဦးရှံစား၊ ဦးစိတ်တိုနဲ့ မျောက်ညို၊ မျောက်ဖိုးစိန်၊ စိန်မျောက်မျောက်နဲ့ စိန်ပေါက်ပေါက်၊ မောင်တီထွင်၊ ကြံဗဟိုး၊ ငလက်မ၊ ဦးမောင်တင့်၊ မောင်မောင်ဇာနဲ့အမြွှာ၂ ယောက်...၊ ရွှေအိနဲ့ ရွှေဘုတ်၊ ပလွေရိုးနဲ့ ဆင်စုရွာ...၊ ကိုဖောင်ရိုးနဲ့ မအာဗြဲ...၊ သမိန်ပေါသွပ်၊ ပရုတ်ဆီ၊ အရိုင်း၊ ပူစူးမနဲ့ ပိုးမွှားများ......
ဒီ...ကာတွန်း ဇာတ်ကောင်တွေဟာ လတ်တလော ဦးနှောက်ထဲ မှတ်မိသလောက်ပါ။ မမှတ်မိလို့ မဖော်ပြနိုင်တာတွေလဲ ပါပါလိမ့်မယ်။
ကာတွန်း..ဇာတ်ရုပ်တိုင်းဟာ ကိုယ်ပိုင် ပတ်ဝန်းကျင်နဲ့ အမူအကျင့်၊ အားဖြည့်ပေးတဲ့ ဇာတ်ကောင်တွေ အပြင် လူ့လောက သဘော၊ အမူအကျင့်၊ ဗဟုသုတတွေကို ထည့်သွင်း ရေးဆွဲ ပေးထားပါတယ်။
ငယ်စဉ်ကတော့ မသိသာပေမဲ့ အသက်အရွယ် ရောက်လာတဲ့အခါ အလွမ်းပြေ ပြန်ဖတ်တဲ့အခါ နားလည်လာပါတယ်။
ခုဆိုရင်တော့..အဲဒီ..ကာတွန်း ဇာတ်ကောင်တွေ နဲ့ လူဖြစ်လာကြတဲ့..ကလေးတွေဟာ လူလတ်ပိုင်းတန်းနဲ့ လူကြီးတန်းကို ရောက်လာကြပါပြီ။ ဘဝမှာ အခြေအနေ တခုကို ရရှိဖို့ ကြိုးပမ်း နေကြသလို တချို့ကလဲ ကောင်းမွန်တဲ့ ဘဝ အနေအထားနဲ့၊ အလုပ်အကိုင် အတည်တကျနဲ့ ဖြစ်နေကြပါပြီ...
သူတို့လဲ ကျွန်တော် စိတ်ထဲက ကာတွန်း ဇာတ်ကောင်တွေနဲ့ စီးမျောခဲ့ရတဲ့ ကမ္ဘာကို လွမ်းသလို လွမ်းနေကြမယ်လို့ ယူဆပါတယ်။
မိုဘိုင်းဖုန်းတွေ လူတိုင်းနီးပါး ကိုင်ဆောင်နိုင်ကြတဲ့ ခေတ်မှာ စာအုပ်တွေကို ဖုန်းတွေထဲမှာ ဖတ်လို့ရပါပြီ။ အရင်လို..စာအုပ်..အဌားဆိုင်လေးတွေဟာလဲ သက္ကရာဇ် ၂ဝ၁ဝ အကျော်မှာပဲ ပြည်ဖုံးကားချသွား ကြပါပြီ။
ငယ်ဘဝက တချို့..ကာတွန်း ဇာတ်ကောင်တွေဟာလဲ ထပ်ထွက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ တချို့ ကာတွန်း ဆရာတွေဟာ အသက်အရွယ်လဲ ရကုန်ပါပြီ။ ကာတွန်း ဆရာကြီး အချို့လဲ နှုတ်ဆက်..ထွက်ခွာ သွားပါပြီ။ သူတို့နဲ့ အတူပဲ ဇာတ်ကောင်တွေဟာလဲ နှုတ်ဆက်..သွားပါတယ်။
အရင်ခေတ်ကလို လကုန်ရင် စာအုပ်အသစ်တွေ သွားဌားကြဖို့ တာမဆူ နိုင်ကြတော့ပါဘူး။ ဇာတ်ကောင်တွေ အနားယူကြပြီး ပရိတ်သတ်တွေက မျှော်တလင့်လင့်ပါ...
မြန်မာပြည်မှာ ကာတွန်းတချို့က အလျင်က ရုပ်ရှင်အဖြစ် ပြန်ရိုက် ခဲ့ကြပါသေးတယ်။ အောင်မြင်မှုတွေ အထိုက်အလျှောက် ရှိတယ်ဆိုကြပေမဲ့ ဆားပါပြီး ပေါ့နေတဲ့ ဟင်းလိုပါပဲ။ ပေါ့မှာ သိနေပေမဲ့ မစားပဲလဲ မနေနိုင်ကြဘူးကိုး...။
သည်ဘက် ခေတ်မှာ အနားယူသွားကြတဲ့ ဇာတ်ကောင်တွေကို ကာတွန်း ရုပ်ရှင် အနေနဲ့ ပြန်လည်..ရိုက်ကူး..ကြရင် ကောင်းမှာပဲလို့ မျှော်လင့်မိပါတယ်။
တိုးတက်လာတဲ့ အချိန်မှာ ကာတွန်းရုပ်ရှင် အနေနဲ့ အသက်သွင်းတာ မခက်ပေမဲ့ ဇာတ်ညွှန်း၊ ဇာတ်လမ်းကတော့ လုပ်ရ..ကိုင်ရ..ခက်မယ် ယူဆပါတယ်။
နဂိုအတိုင်း...အရသာ၊ အနှစ်သာရ မပျက်အောင် ကိုင်နိုင်မှ မပေါ့မှာကိုး။
ဒီ စာအုပ်အများစုထဲက အမှတ်ပိုရတာက တွတ်ပီစာအုပ်..တွေပါ။
ကြုံတိုင်းကို စီးမျောလိုက်၊ ရိုးမတောထဲ ဝင်လိုက်၊ ကမ္ဘာပတ်လိုက်၊ ပင်လယ်ထဲသွားလိုက်နဲ့။
တောရွာဓလေ့၊ လူတွေရဲ့ စရိုက်၊ စိတ်စေတနာ ကောင်းဖို့၊ လူပီသဖို့တွေ မြင်တွေ့ခဲ့ရပါတယ်။
ထပ်မံ ...ထွက်ရှုဖို့..မဖြစ်နိုင်တော့တဲ့ စာအုပ်တွေထဲမှာ ထိပ်ဆုံးက ပါဝင်သွားပါတယ်။ ရှဲဒိုး ... ရေးကြတာတွေ ရှိပေမဲ့ အနှစ်သာရ...နည်းပါတယ်။ ရှာရှာဖွေဖွေ..သိုသို..မှီးမှီး...လုပ်နိုင်မှသာ တော်ခါကျမှာ။
ဒီတော့ ပြန်ထွက်စေချင်တာ တပိုင်းပေါ့...
စိတ်ကူး..အနေနဲ့ကတော့ ပြန်လည် အသက်သွင်းချင်တာပါ...။
ခုလို..ရေးသားရတာကတော့...
ရှဲဒိုးပေါ့...
တခြား....
ခိုးယူ ဖော်ပြလိုစိတ်...
မူပိုင်ခွင့်..ချိုးဖောက်လိုစိတ်...
အဲဒါမျိုးတွေ မရှိပါဘူး။
အရင်က...တွတ်ပီစာအုပ်တွေကို စိတ်အပန်းဖြေဖို့ ဖတ်ခဲ့ပြီး ယခုအခါ ပြန်လည် အသက်သွင်းလိုတဲ့အတွက် သေချာ ပြန်လည်ဖတ်ရှုပြီး စာရေးပုံ..စာရေးနည်းတွေကို အသေးစိတ် တူညီနိုင်အောင် မှီငြမ်းရပါမယ်။
ဇာတ်ရုပ်တခုကို ပီပီပြင်ပြင်နဲ့.. ပြန်အသက်သွင်းပြီး... ပြန်လည် စီးမျော...ခံစားသက်ဝင်ဖို့ပဲ ရည်ရွယ်ပါတယ်။
02
Link text03
Link text