Little Empire Chinese Online Class

Little Empireသည် တရုတ်ဘာသာစကားကို online မှ တဆင့်အဓိကထားကြားပေးနေသောသင်တန်းဖြစ်ပါသည်။

little empire Chinese online class သည် အလုပ်တဘက်နှင့်မအားလပ်သူများ၊နယ်ဝေး၊နိုင်ငံခြားရာက်နေ၍သင်တန်းတက်ရောက်ရန် အဆင်မပြေသူများ ၊ သင်တန်းသို့ ကိုယ်တိုင်သွားပြီးတက်ရောက်ရန် အချိန်မပေးနိုင်သူများ တရုတ်ဘာသာစကားကို တဆင့်ပြီးတဆင့် အချိန်မှန်မှန်နှင့် အခြေခံကျကျသင်ချင်သူများ အတွက် ရည်ရွယ်ပြီး ၊ စာသင်သက် အနှစ် ၂၀နီးပါးရှိ တရုတ်စာသင်ကြားမှုဝါရင့် ဆရာမ Wáng laoshi ကိုယ်တိုင် 2016ခုနှစ်မှစ၍ တည်ထောင်ဖွင့်လှစ်ခဲ့သော online တရုတ်စာသီးသန့်သင်တန်း ဖြစ်ပါသည်။

Little empire Online class မှ ပို့ချသော online class များ အကြောင်း

လက်ရှိသင်ကြားပို့ချမှုပုံစံ(၃)မျိုးရှိပါသည်။

①Hanyu အတန်းများကို fb Secret Group တွင် Founder Wang laoshi မှ ရိုက်ကူးထားသောVideo Recording ပို့ပေးပြီး သက်ဆိုင်ရာအတန်းအသီးသီး၏ဆရာမမှ အိမ်စာကိုမှန်မှန်စစ်ဆေးပေးပါသည်။

② Fb messenger / wechat /WhatsApp ဖြင့် Wanglaoshi မှ သင်တန်းချိန်တွင် ထိုင်၍ Voice mail ဖြင့်သင်ကြားပေးသည်။

③ အခါအားလျော်စွာ အတန်းချိန်လွှတ်လျှင်စကားပြောအတန်းများ၊ Hsk အတန်းများကို ဆရာမများမှ Zoom meeting ဖြင့် (ကာလတိုအပြတ်ဖြင့်)တိုက်ရိုက်သင်ကြားပို့ချပေးပါသည်။

အသုံးပြုသောသင်ရိုးစာအုပ်
ကျိနန်တက္ကသိုလ် မှOversea chinese စာသင်ကျောင်းများ အတွက်ထုတ်ဝေထားသော Hàn yǚ 汉语 စာအုပ်(ဖတ်စာ+လေ့ကျင့်ခန်း)ကိုအသုံးပြု၍ အခြေခံဆွဲချက်မှစ အတန်းကြီးအထိ တဆင့်ပြီးတဆင့်သင်ကြားပေးသွားပါသည်။
အတန်းLevel ကိုတော့ ၎င်းHanyu (၁-၁၂)အုပ်(မူလတန်း)ကို အလွယ်တကူမှတ်မိစေရန် level-1 မှ level -12 အထိ ခေါ်ဆိုထားခြင်းဖြစ်ပါသည်။ pinyinတတ်မြောက်ပြီးသူများအနေဖြင့် Level-1 (Hanyu book-1 )မှစ တက်ရောက်နိုင်ပါသည်။

level 1-4 မှာပျမ်းမျှ ၂လခန့်ကြာမြင့်ပြီး level မြင့်လာလျှင်(အလယ်တန်းများ) (၄)လအထိကြာမြင့်တတ်ပါသည်။
LittleEmpire တွင် ကျောင်းသားများဗဟုသုတကြွယ်ဝစေရန်စာအုပ်ထဲမှစာမကပဲLevel-3 မှစ၍ ထပ်ဖြည့်ဝေါဟာရများ၊ အပြင်ဗဟုသုတများ၊ ပုံပြင်များစသည်များ ဆိုင်ရာဆိုင်ရာshort Video များစွာကိုထည့်သွင်းဖြည့်စွပ်ပေးထားပါသည်။

အခြေခံအတန်း ( Basic Pinyin Video Class)
အခြေခံမရှိသူများအတွက် တရုတ်စာ၏ အခြေခံအုပ်မြစ်ဖြစ်သော အသံထွက် ဗျည်းသရပေါင်းသောအခြေခံဖျင်းရင်းပေါင်းသင်တန်းကိုတက်ရောက်နိုင်ပါသည်။
ဤသင်တန်းတွင် တရုတ်အသံထွက် ဗျည်းသရကို အခြေခံကျကျ၊အသံပီတစွာသင်ယူသူများအတွက်သင့်တော်သင်တန်းဖြစ်ပါတယ်။ pinyin ကိုပဲသေချာတတ်မြောက်အောင်သင်ကြားလေ့ကျင့်စေချင်၍ အရေးပိုင်းလုံးဝမပါဝင်ပါ။

Zoom Meeting class မှလွှဲ၍ ကျန်အတန်းများကို မိမိအလုပ်ချိန်နှင့်တိုက်နေလျှင်လည်းစိုးရိမ်စရာမလိုပဲ မိမိအဆင်ပြေသည့်အချိန်တွင်Group ထဲသို ဝင်ရောက်လေ့လာပြီး အိမ်စာမှန်မှန်ထပ်ပေးလို့ရပါသည်။Audio Voice mail အတန်းကိုတော့ သင်တန်းချိန်တွင် လိုင်းဖွင့်ထားရန်လိုအပ်ပါသည်။

လူကြီးမင်းအနေနှင့်မိမိတက်ရောက်လိုသောအတန်း၏ အတန်းချိန်နှင့်သင်တန်းကြေးစသည့်အသေးစိတ်ကိုသိရှိလိုက
https://www.facebook.com/littleempireyangon/ pageမှာ နောက်ဆုံးသင်တန်းသစ်ကြော်ငြာများကိုဖတ်ရှုနိုင်မည်ဖြစ်ပါသည်။

အတန်းအားလုံးအိမ်စာမှန်မှန်ထပ်၊မှန်မှန်ဆိုပြပေးရပါမည်။

ဤနေရာအထိဖတ်ရှုပ်ပြီး နားမလည်သေးက chat box သို့ဖြစ်စေ ၊ Viber ၀၉၉၅၃၂၃၆၄၄၅ သို့ messages ပို့ပြီး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင် ။

Little empire ကိုစိတ်ဝင်စားပြီး အချိန်ပေးစုံစမ်းမှုအတွက် အထူးကျေးဇူးတင်ရှိပါတယ်ရှင်။

谢谢 xièxie

External link
OH HEY, FOR BEST VIEWING, YOU'LL NEED TO TURN YOUR PHONE